Friday, January 17, 2020

နေ့စဥ်အစားသော​က် တွေရဲ့ ကယ်လိုရီပမာဏတွေပါ


 နေ့စဉ်စားသုံးနေတဲ့အရာတွေက ကယ်လိုရီ ဘယ်လောက်ထိတက်နိုင်သလဲ

နေ့စဉ် စားသောက်လေ့ရှိသော ယေဘူယျအစားအသောက်များတွင် ပါဝင်သော ကယ်လိုရီပမာဏများကို တွက်ချက်ပြထားပါတယ်။



ဒီလို တွက်ပြတာတွေ ကြည့်ပြီးတော့ တစ်နေ့တာ ကယ်လိုရီ ဘယ်လောက် စားသုံးပြီးပြီလဲ၊ ဘယ်လောက် ပြန်အသုံးပြုပြီးပြီလဲဆို တွက်ချက်လို့ ရပါတယ်။



ပုံမှန်အားဖြင့်တော့ လူတစ်ယောက်ဟာ တစ်နေ့ကို ၂၃၆၁ ကယ်လိုရီ စားသောက်မယ်ဆို ကိုယ်အလေးချိန် မတိုးမလျော့ ရှိနေပါမယ်။


တစ်နေ့ကို ၁၈၆၁ ကယ်လိုရီ စားသောက်မယ်ဆို ကိုယ်အလေးချိန် ၁ပတ်ကို ၁ပေါင် ကျနိုင်ပါတယ်။


တစ်နေ့ကို ၁၃၆၁ ကယ်လိုရီ စားသောက်မယ်ဆို ကိုယ်အလေးချိန် ၁ပတ်ကို ၂ပေါင် ကျနိုင်ပါတယ်။


တစ်နေ့ကို ၂၈၆၁ ကယ်လိုရီ စားသောက်မယ်ဆို ကိုယ်အလေးချိန် ၁ပတ်ကို ၁ပေါင် တက်နိုင်ပါတယ်။


တစ်နေ့ကို ၃၃၆၁ ကယ်လိုရီ စားသောက်မယ်ဆို ကိုယ်အလေးချိန် ၁ပတ်ကို ၂ပေါင် တက်နိုင်ပါတယ်။



အောက်ပါအစားအသောက်များက ဆီနှင့် အဆီများ မနည်းလွန်းမများလွန်း အခြေအနေမှာ ခန့်မှန်း တွက်ချက်ပြထားခြင်းဖြစ်ပါတယ်။ အစားအသောက်၏ အရွယ်အစားနှင့် ဆီပါဝင်မှု၊ သကြားပါဝင်မှုပေါ်မူတည်၍ ကယ်လိုရီ အနည်းအများ ကွာဟနိုင်ပါတယ်။
၁။ ဂျင်းသုပ် ၁ ပွဲ = ၅၁၂
၂။ ခရမ်းချဉ်သီးသုပ် ၁ပွဲ = ၁၁၇
၃။ ငါးဖယ်သုပ် ၁ပွဲ = ၁၃၀
၄။ ငါးကြင်းကြော် ၁တုံး = ၁၁၆
၅။ ငါးလေးဟင်း ၁ပွဲ = ၁၈၀
၆။ ဘဲဥဟင်း ၁ပွဲ = ၁၂၅
၇။ ပုဇွန်ဟင်း ၁ပွဲ = ၉၈
၈။ ဝက်သားဟင်း ၁ပွဲ = ၂၀၂
၉။ ကြက်သားဟင်း ၁ပွဲ = ၂၁၆
၁၀။ ခရမ်းချဉ်သီး ပုဇွန်ခြောက်နှပ် ၁ပွဲ = ၁၅၆
၁၁။ သီးမွှေးငှက်ပျောသီး ၁လုံး= ၁၄၀
၁၂။ စပျစ်သီး လက်တစ်ဆုပ် = ၈၃
၁၃။ နာနတ်သီး ပန်းကန်လုံး၁လုံး = ၇၅
၁၄။ ဖရဲသီး ပန်းကန်လုံး၁လုံး = ၃၈
၁၅။ သရက်သီးမှည့် ပန်းကန်လုံး၁လုံး = ၁၂၈
၁၆။ သဘောင်္သီး ပန်းကန်လုံး၁လုံး = ၆၃
၁၇။ ကျွဲကောသီး ပန်းကန်လုံး၁လုံး = ၄၀
၁၈။ လက်ဖက်သုပ် ၁ပွဲ = ၄၆၇
၁၉။ လက်ဖက်သုပ် ၁ဇွန်း = ၇၈
၂၀။ စမူဆာ ၁ခု = ၃၀
၂၁။ ဘူသီးကြော် ၁ခု = ၇၀
၂၂။ ကော်ပြန့်စိမ်း ၁ခု = ၄၀
၂၃။ ကော်ပြန့်ကြော် ၁ခု = ၇၀
၂၄။ ပေါင်မုန့် ၂ချပ် = ၁၅၀
၂၅။ ပေါင်မုန့် ထောပတ်သုပ် ၁ချပ် = ၁၁၉
၂၆။ ကိတ်မုန့် ၁ချပ် = ၁၁၈
၂၇။ ကြက်သား ဟမ်ဘာဂါ = ၅၈၀
၂၈။ ဒိုးနတ်မုန့် ၁ခု = ၂၁၀
၂၉။ ချိစ် ဆန်းဒွတ်စ် = ၁၃၀
၃၀။ အစုံသုပ် ၁ပွဲ = ၃၇၀
၃၁။ နန်းကြီးသုပ် ၁ပွဲ = ၇၃၅
၃၂။ ရှမ်းခေါက်ဆွဲ ၁ပွဲ = ၇၄၅
၃၃။ မုန့်ဟင်းခါ ၁ပွဲ = ၂၆၈
၃၄။ အုန်းနို့ခေါက်ဆွဲ ၁ပွဲ = ၄၆၆
၃၅။ ရခိုင်မုန့်တီ ၁ပွဲ = ၁၂၆
၃၆။ ကြက်သား ဆီချက်ခေါက်ဆွဲ ၁ပွဲ = ၄၇၅
၃၇။ ကြက်သားကြေးအိုး ၁ပွဲ = ၁၅၈၈
၃၈။ ဘယာကြော် ၁ခု = ၁၉၄
၃၉။ ထမင်း ပန်းလုံး ၁လုံး ( ၆ဇွန်းစာ) = ၁၈၇
၄၀။ ထမင်း ပန်းကန်ပြား ၁ပြား ( ၉ ဇွန်းစာ ) = ၂၈၀
၄၁။ ကြက်သားဒံပေါက် ၁ပွဲ = ၇၀၈
၄၂။ ကြက်သား ခေါက်ဆွဲကြော် ၁ပွဲ = ၅၉၄
၄၃။ ပဲပြုတ်ထမင်းဆီဆမ်း ၁ပန်းကန် = ၄၃၅
၄၄။ ပဲပြုတ်ထမင်းကြော် ၁ပန်းကန် = ၄၂၆
၄၅။ ထမင်းပေါင်း ၁ပန်းကန် = ၄၇၅
၄၆။ တို့ဟူးသုပ် ၁ပွဲ = ၁၉၅
၄၇။ သာကူ မုန့်ဖတ်ထုပ် ၁ထုပ် = ၁၂၁
၄၈။ အားလူးကြော် ၁ထုပ် (အဖတ်၂၀) = ၁၇၇
၄၉။ ငါးမုန့်ကြော် ၁ထုပ် = ၁၄၀
၅၀။ ကြက်ဥကြော် ၁လုံး = ၁၂၉
၅၁။ ကြက်ဥပြုတ် ၁လုံး = ၈၀
၅၂။ ပြောင်းဖူးပြုတ် ၁ခု = ၃၅၀
၅၃။ ဂေါ်ရခါးသီးပြုတ် ၁လုံး = ၂၇
၅၄။ ရုံးပတီသီး + ပုဇွန်ခြောက်ကြော် ပန်းကန်းလုံး ၁လုံး = ၁၃၀
၅၅။ ကန်ဇွန်းရွက်ကြော် ၃ဇွန်း = ၄၁
၅၆။ ကြက်သားဘူးသီးဟင်း ပန်းကန်လုံး ၁လုံး = ၉၅
၅၇။ နံပြား ၁ချပ် = ၂၂၆
၅၈။ ပေါက်စီ ၁လုံး = ၃၄၀
၅၉။ ပဲပလာတာ ၁ချပ် = ၃၇၇
၆၀။ အီကြာကွေး ၁ချောင်း = ၃၁၄
၆၁။ ဆီထမင်း ၁ပွဲ = ၁၈၇
၆၂။ ပဲပြုတ်ကောက်ညှင်းပေါင်း ၁ပွဲ = ၂၁၇
၆၃။ မုန့်ကျွဲသဲ ၁ပွဲ = ၅၆
၆၄။ ထန်းသီးမုန့် ၁ပွဲ = ၁၂၀
၆၅။ မုန့်လင်မယား ၁ပွဲ = ၇၃
၆၆။ ဘိန်းမုန့် ၁ချပ် = ၂၈၆
၆၇။ ကော်ဖီ + ပေါင်မုန့်ကြက်ဥကြော် = ၃၉၃
၆၈။ ကော်ဖီ + ပေါင်မုန့်ထောပတ်သုပ် = ၄၅၂
၆၉။ ကော်ဖီ + ပဲပြုတ်ထမင်းကြော် = ၅၁၁
၇၀။ ကော်ဖီ + ပဲပြုတ်ထမင်းဆီဆမ်း = ၅၁၉
၇၁။ ကော်ဖီ + မုန့်ဟင်းခါး = ၃၅၃
၇၂။ ကော်ဖီ + အုန့်နို့ခေါက်ဆွဲ = ၅၅၀
၇၃။ ထမင်း + ဝက်သားဟင်း + ကန်စွန်းရွက်ကြော် +
      သီးစုံချဉ်ရည်ဟင်း + သရက်သီးမှည့် = ၇၂၅
၇၄။ ထမင်း + ကြက်သားဟင်း + ပဲသီးကြော် + ချဉ်ပေါင်ဟင်း + ဖရဲသီး = ၇၀၆
၇၅။ ထမင်း + ငါးဖယ်သုပ် + ဗူးညွန့်ကြော်ချက် + ပဲကြီးဆူးပုပ် + စပျစ်သီး = ၆၅၄
၇၆။ နို့ ၁ဖန်ခွက် = ၁၆၈
၇၇။ ကော်ဖီ ၁ခွက် = ၈၄
၇၈။ ကိုကာကိုလာ ၁ဗူး = ၁၄0
၇၉။ လိမ္မော်ရည် ၁ခွက် = ၁၁၅
၈၀။ စတော်ဘယ်ရီယို ၁ဇွန်း = ၂၃
၈၁။ ထောပတ် ၁ဇွန်း = ၇၆



အခုတစ်ခါ နေ့စဉ် လှုပ်ရှားမှုတွေ အားကစားတွေကနေပြီးတော့ ကယ်လိုရီ ဘယ်လောက် ပြန်ကုန်ဆုံးသွားနိုင်တယ်ဆိုတာ ထပ်ကြည့်လိုက်ရအောင်။ အောက်ပါလှုပ်ရှားမှုတွေကို ပုံမှန်အတိုင်း မိနစ် ၃၀ စာပေါ် မူတည်ပြီး တွက်ချက်ထားတာ ဖြစ်ပါတယ်။
၁။ လှေကားတက် = ၂၇၃
၂။ ဥယျာဉ်ပြုစု၊ ပေါင်းသင် = ၁၅၃
၃။ လမ်းလျောက် ( ၁နာရီ ၃မိုင်နှုန်း) = ၁၂၀
၄။ တံမြတ်စည်းလှည်း = ၈၄
၅။ သာမာန် လှုပ်လှုပ်ရှားရှား ပေါ့ပေါ့ပါးပါးအလုပ် = ၆၉
၆။ ထိုင်နေခြင်း = ၆၀
၇။ အိပ်နေခြင်း = ၃၃
၈။ ထိုင်ထ = ၄၁၁
၉။ ရေကူး = ၃၇၅
၁၀။ ကြိုးခုန် = ၃၃၃
၁၁။ ဘောလုံးကန် = ၃၂၁
၁၂။ ဘတ်စကတ်ဘော = ၂၇၃
၁၃။ စက်ဘီစီး ( ၁နာရီ ၁၂မိုင်) = ၂၇၃
၁၄။ ပြေးခုန် ( ၁နာရီ ၅မိုင်) = ၂၇၃
၁၅။ တင်းနစ်၊ ထွေပစ် = ၂၇၃
၁၆။ အေရိုးဗစ် အက = ၂၅၈
၁၇။ ကြက်တောင်ရိုက် = ၁၅၃
၁၈။ ဂေါက်သီးရိုက် = ၁၅၃
၁၉။ စားပွဲတင် တင်းနစ် = ၁၃၈
၂၀။ ယောဂကျင့်စဉ် = ၁၁၇
၂၁။ ဘိုးလင်းပစ် = ၁၀၂

Thursday, January 16, 2020

စက်ဘီးဆိုသည်မှာ

စက်ဘီးကို ၁၉ရာစုတွင် စတင်အသုံးပြုခဲ့ပြီး အခုအခါ တကမ္ဘာလုံးတွင် အစင်းပေါင်း သန်းတစ်ထောင် နီးပါးများ ရှိသည်။ ဒေသ အများစုတို့တွင် သယ်ယူပို့ဆောင်ရေးအတွက် အဓိက အသုံးပြုကြသည်။ စက်ဘီးများကို အပန်းဖြေခြင်းတွင် အသုံးပြုရာတွင်လည်း ခေတ်စားပြီး ကလေးများ၏ ကစားစရာ အဖြစ်လည်းကောင်း၊ လူကြီးများအတွက် ခန္ဓာကိုယ် ကြံ့ခိုင်ရေး အထောက်အကူပစ္စည်း အဖြစ်လည်းကောင်း၊ စစ်တပ် နှင့် ရဲဌာနတို့တွင် လည်းကောင်း၊ စာနှင့် ပါဆယ်ပစ္စည်းပို့ရာတွင် လည်းကောင်း၊ အားကစား ယှဉ်ပြိုင်ခြင်းတွင် လည်းကောင်း အသုံးပြုကြသေးသည်။
စက်ဘီး၏ အခြေခံ ပုံသဏ္ဌန်နှင့် ဖွဲ့စည်းတည်ဆောက်ပုံမှာ ပထမဆုံး ချိန်းကြိုးကို အသုံးပြု၍ မောင်းနှင်သော မော်ဒယ်လ်ကို စတင်ထုတ်လုပ်ခဲ့သည့် ၁၈၈၅ ခုနှစ်မှ စ၍ အနည်းငယ်မျှသာ ပြောင်းလဲသေးသည်။ အသေးစိတ် တည်ဆောက်ပုံ အတော်များများမှာမူ ပြောင်းလဲလာခဲ့သည်။ အထူးသဖြင့် ခေတ်သစ် ရုပ်ဝတ္ထုပစ္စည်းများနှင့် ကွန်ပြူတာအသုံးပြု ဒီဇိုင်းပညာတို့ တိုးတက်လာချိန်တွင် ဖြစ်သည်။ ထိုအရာတို့သည် စက်ဘီးစီးခြင်း အမျိုးအစား တစ်ခုစီအတွက် သီးသန့် တည်ဆောက်သော ဒီဇိုင်းပုံစံများကို အလွန်လျှင်မြန်သော အရှိန်ဖြင့် တိုးတက် ဖြစ်ထွန်းလာစေခဲ့သည်။
စက်ဘီးကို တည်ထွင်ခြင်းသည် လူ့အဖွဲ့အစည်းကို ယဉ်ကျေးမှုဆိုင်ရာ အပိုင်းနှင့် ခေတ်သစ် စက်ရုံသုံး ပစ္စည်းထုတ်လုပ်ခြင်းကို တိုးတက်စေခြင်း နှစ်ခုစလုံးတွင် အလွန်ကြီးမားသော အကျိုးသက်ရောက်မှုကို ဖြစ်စေခဲ့သည်။ မော်တော်ယာဉ် တည်ဆောက်ခြင်း တိုးတက်လာမှုတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သော ဘောဘယ်ရင်၊ လေအားသုံး တာယာ၊ ချိန်းကြိုးဖြင့် မောင်းနှင်သော ခွေးသွားစိတ်ဘီး၊ စပုတ်တိုင်ဖြင့် ထိန်းကန်ထားသောဘီး၊ ကျောက်တုံးခင်းသော လမ်းကို အစားထိုးခဲ့သော ကျောက်ြပားခင်းထားသောလမ်း အစရှိသော အရာတို့သည် မူလပထမက စက်ဘီးအတွက် ရည်ရွယ်၍ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

စက်ဘီးစတင်ပေါ်ပေါက်ရာ သမိုင်းကြောင်း

စက်ဘီးသမိုင်း


လူအားဖြင့် မောင်းနှင်သော စက်ဘီး မပေါ်ပေါက်မီ အချိန်ကပင် တီထွင်ကြံဆသူ အသီးသီးတို့သည် စက်ဘီး၏ ပေါ်ပေါက်လာစေရန် အတွက် တတပ်တအား ထောက်ပံ့ပေးခဲ့ကြသည်။ စက်ဘီးစီးပြိုင်ပွဲများကို အခြားသောပြေးပွဲပြိုင်ပွဲ၊ ကစားပွဲ များ နည်းတူ ရံဖန်ရံခါ ကျင်းပလေ့ရှိကြ၏။ စက်ဘီးစီးပြိုင်ပွဲ များတွင် အနှေးစီးခြင်း၊ အမြန်စီးခြင်း၊ အလှစီးခြင်း၊ တာတို စီးခြင်း၊ တာရှည်စီးခြင်းဟူ၍ နည်းအမျိုးမျိုး ရှိသည်၊ တာတို၊ တာရှည်၊ အမြန်စီး ပြိုင်ပွဲတွင်လည်း နည်းနှစ်မျိုး ရှိပြန်သည်၊ နည်းတစ်မျိုးမှာ ပြိုင်ပွဲဝင်သူများကို တစ်ပြိုင်တည်း မလွှတ် မိနစ်ဝက်၊ တစ်မိနစ်စီခန့်ခြား၍ တစ်ယောက်ပြီးတစ်ယောက် ပန်းတိုင်သို့ အရောက်လွှတ်ခြင်းဖြစ်ပြီးလျှင် အခြားနည်းတစ်မျိုး မှာ ပြိုင်ပွဲဝင်သူအားလုံးကို တာထွက်စည်းမှ တစ်ပြိုင်တည်း လွှတ်ခြင်း ဖြစ်သည်။ပထမနည်းဖြစ်သော ပြိုင်ပွဲတွင် ပန်းတိုင် သို့ အချိန်အနည်းဆုံးဖြင့် ရောက်သွားသူသည် ပထမရ၍ ဒုတိယနည်းဖြစ်သော ပြိုင်ပွဲတွင် ပန်းတိုင်သို့ ရှေးဦးစွာ ရောက်သူသည် ပထမရလေသည်။ စက်ဘီးဟူသည် ပေါ်ပေါက်လာပုံမှာ ဤသို့ဖြစ်၏။ ၁၇၇၉ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့ထုတ် ပြင်သစ်နိုင်ငံ ပါရစ်ဂျာနယ် တွင် ခြေယက်စက်ဘီးတစ်မျိုးကို ပြင်သစ်လူမျိုး ၂ ဦးက တီထွင် ပြုလုပ်လိုက်ကြပြီဟု ရေးသားဖော်ပြခဲ့၏။ ထိုစက်ဘီး မှာ သစ်သားဘောင်တစ်ခုကို ရှေ့နောက်ထားရှိသော ဘီး ၂ ဘီးတွင် အသေတပ်ဆင်ထားသော ကိရိယာဖြစ်လေသည်။ စီးသူသည် သစ်သားဘောင်ကို ခွ၍ထိုင်ပြီးလျှင် မြေကြီးကို ခြေနှင့်ကန်ကာ ယက်ကာ၊ ဘီးလိမ့်သွားအောင် ပြုလုပ်ပေးရ လေသည်။ ထိုစက်ဘီးသည် ညီညာ ပျံ့ပျူးသော မြေပြင်တွင် အသင့်အတင့်မျှ အရှိန်ဖြင့် သွားနိုင်သော်လည်း ကုန်းတက်များ တွင်မူ အလျင်းပင် အသုံးမဝင်တော့ချေ။ ဆင်ခြေလျှောများကို စီးဆင်းရာတွင်ကား အလွန်ပင် လျင်မြန်လေသည်။ ၁၈၁၇ ခုနှစ်တွင် ဂျာမန်လူမျိုးတစ်ဦးသည် ပြင်သစ်နိုင်ငံ၌ ပေါ်ခဲ့သော ခြေယက်စက်ဘီးထက် အနည်းငယ်သာသည့် ခြေ ယက်စက်ဘီးကို ကြံစည်ပြုလုပ်လိုက်လေသည်။ ထိုစက်ဘီး၏ ထူးခြားချက်တစ်ရပ်မှာ ရှေ့ဘီးကို ထိုင်တန်းသစ်သား ဘောင် တွင် ငုတ်ဖြင့်လျှိုသွင်းကာ လှည့်နိုင်အောင် တပ်ဆင်ထားခြင်း ပင် ဖြစ်၏။ ထိုအစီအမံကြောင့် ရှေ့ဘီးကို လက်ကိုင်ဖြင့် ထိန်းကာ လိုရာဖက်သို့ ဦးလှည့်ပေးနိုင်လေသည်။ စကော့လူမျိုးတစ်ဦးသည်လည်း ၁၈၄၃ ခုနှစ်တွင် ခြေနင်း တပ် ၃ ဘီးစက်ဘီးကို၎င်း၊ ၁၈၄ဝ ပြည့်နှစ်တွင် ခြေနင်းတပ် ၂ ဘီးစက်ဘီးကို၎င်း၊ စီမံပြုလုပ်ခဲ့၏။ ထိုစက်ဘီးတို့၏ ထူးခြားချက်ကား နောက်ဘီးဝင်ရိုးကို ခြေနင်းမှ မောင်းတံနှင့် ဆက်ကာ လှည့်ပေးနိုင်ခြင်းပင် ဖြစ်၏။ ခြေနင်းတပ် ၂ ဘီး စက်ဘီး၏ ရှေ့ဘီးမှာ လက်မ ၃ဝ ခန့်မြင့်၍ အားပေးဘီး ဖြစ်သော နောက်ဘီးမှာ လက်မ ၄ဝ ခန့် မြင်ပြီးလျှင် ၂ ဘီး စလုံး မှာ သံတိုင်ယာကွပ်ထားသော သစ်သားဘီးများ ဖြစ်ကြ လေသည်။ ထိုစက်ဘီးသည် ယခုခေတ်သုံး စက်ဘီးများ၏ ရှေ့ပြေး နမူနာပင် ဖြစ်လေတော့သည်၊ ထိုနောက်၌ကား ယခုခေတ် ကလေးစီး သုံးဘီးစက်ဘီးမှာ ကဲ့သို့ ခြေနင်းကို ရှေ့ဘီး၏ ဝင်ရိုးတွင် တပ်ဆင်ထားသည့် စက်ဘီးမြင့်ကြီးများ ခေတ်စားလာလေသည်။ ရှေ့ဘီးမှာ လွန် စွာပင် ကြီးမား၍ နောက်ဘီးမှာမူ အဆမတန် သေးငယ်လေ သည်။ ထိုသို့ ပြုလုပ်ထားခြင်း၏ ရည်ရွယ်ချက်မှာ စီးနင်းရာ တွင် ပို၍ ခရီးတွင်စေရန် ဖြစ်၏။ ရှေ့ဘီးတို့သည် လက်မ ၆ဝ မှ ၆၄ လက်မထိ အမြင့်ရှိတတ်ကြသည်။ ထို စက်ဘီးမျိုးကို စီးတတ်ရန်မှာ အလေ့အကျင့် များစွာလိုသည့်အပြင် အထိန်း ရလည်း ခက်သောကြောင့် ဘေးအန္တရာယ် များလေသည်။ ၁၈၆၈ ခုနှစ်တွင် အင်္ဂလန်ပြည်၌ သံတိုင်ယာများအစား ရော်ဗာ တိုင်ယာများကို စတင် သုံးစွဲလာကြ၏။ ၁၈၈၅ ခုနှစ်တွင် အင်္ဂလိပ်လူမျိုးတစ်ဦးသည် အရွယ်တူညီ သော နှစ်ဘီးတပ်စက်ဘီးကို ရှေးဦးစွာ လုပ်ကိုင်ခဲ့လေသည်။ ဘောင်မှာလည်း ယခင် စက်ဘီးများ၏ ဘောင်ထက် နိမ့်၍ ကျယ်ပြန့်လေသည်။ ခြေနင်းကိုလည်း ရှေ့ဘီးတွင် မဟုတ်ဘဲ ဘီးနှစ်ခုစပ်ကြားတွင် ခွေးသွားစိတ်ဘီးတစ်ခု၌ တပ်ဆင်ထား၍ နောက်ဘီး ဝင်ရိုးသို့ သံကြိုးတစ်ခုဖြင့် ဆက်သွယ်ထားလေ သည်။ နင်းလိုက်သည့်အခါ စက်ဘီးသည် နောက်ဘီး၏အား ဖြင့် လိမ့်ရ၏။ ထိုစက်ဘီးမှာ ယခုခေတ်သုံး စက်ဘီးများ၏ သဘောအတိုင်းပင် ဖြစ်သည်။ ထိုနောက်တွင်ကား သံလုံးငယ် ဗယ်ရင်ကလေးများကို မပွန်းအောင် ထည့်ခြင်း၊ စပရင်ခံ သားရေထိုင်ခံများ တပ်ဆင်ခြင်း အစရှိသော ပြုပြင်ချက်များကို တစ်စတစ်စ ပြုလုပ်လာကြပြီးလျှင် နောက်ဆုံး ၁၈၈၈ ခုနှစ် တွင် ရော်ဗာတိုင်ယာများအစား လေလုံးတိုင်ယာများကို ပြောင်း လဲ တပ်ဆင်လိုက်သောအခါ ယခုခေတ်သုံးစက်ဘီး၏ အသွင် အပြင်သို့ ရောက်ရှိလာလေသည်။ စက်ဘီးလုပ်ငန်းသည် ပထမကမ္ဘာစစ်ကြီးအပြီးတွင်မှ သိသိသာသာ တိုးတက်လာခဲ့လေသည်။ နောက်ဆုံးပေါ် ပြိုင်ဘီးများမှာ သာမန်စက်ဘီး၏ အလေးချိန် ထက်ဝက်သာ ရှိလေသည်။ ဘောင်များနှင့် ရွှံ့ကာများကို လွန်စွာပေါ့ပါးသော ကရိုမီယမ် (ခေါ်) သတ္တုတစ်မျိုးဖြင့် ပြုလုပ်ထားသည်။ လက်ကိုင်မှာ နွားချို ကုပ်ကဲ့သို့ အောက်ဖက်သို့ ကောက်ထားလေသည်။ စီးနင်းရာတွင် သာမန်စက်ဘီးများထက် သုံးလေးဆပို၍ လျင်မြန်စေရန် အတူးဂီယာခေါ် ခွေးသွားစိတ်ဘီးတစ်ခုကို နောက် ဘီးဝင်ရိုးတွင် တပ်ဆင်ထားလေသည်။[၁] မြန်မာနိုင်ငံတွင် စက်ဘီးကို အနှေးယာဉ်အဖြစ် သတ်မှတ်သည်။